MNP ၊ သြဂုတ် ၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ငါးရံ့မင်းပရိတ်ရွတ် ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် ရသေ့တောင်မြို့၊ မြို့ကျက်သရေ ဆောင် ရွှေသာ လျောင်းဓမ္မာရုံ၌ ငါးရံ့မင်းပရိတ်ရွက်ဖတ်ပူဇော်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အခန်းအနားတွင် ကြွရောက်တော်မူသော သံဃာတော်များနှင့် လူပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခန်းအနားကိုဖွင့်လှစ်ခြင်း၊ ရောင်ခြယ် တော်ဖွင့်ဂါထာတော်ကို အလိုတော်ပြည့် ကျောင်းတိုက်ဆရာတော်မှ ရွတ်ဆိုပူဇော်ခြင်း၊ ကြွရောက်လာသည့် လူပရိတ်သတ် များက စေတီယင်္ဂဏ ကျောင်းတိုက်ဆရာ တော်ကြီးထံမှ ငါးပါးသီလခံယူဆောက် တည်ခြင်း၊ ငါးရံ့မင်းပရိတ်တရားတော်အား လာရောက်နာယူရန်အတွက် နတ်၊ဗြဟ္မာများကိုဖိတ်ကြားခြင်း၊ သံဃာတော် များက ငါးရံ့မင်းပရိတ်တော်မြတ်ကို ၉ ကြိမ်ရွတ်ဆိုခြင်း၊ မေတ္တာသုတ်ပရိတ်တရားတော်ကို ဆက်လက်ရွတ်ဆိုပူဇော်ခြင်း၊ စေတီယင်္ဂဏကျောင်းတိုက် ဆရာတော်က မိုးများရွာသွန်းရန် ဆုတောင်းအမွမ်းနှင့်ဘဝသုသဗ္ဗမင်္ဂလံဂါထာတော်ရွတ်ဖတ်ပူဇော်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့ထံသို့ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း၊ ပြုပြုသမျှ ကုသိုလ်ကောင်းမှုတို့အားရေစက်သွန်းချအမျှဝေခြင်း၊ ဖိတ်ကြားထားသော နတ်ဗြဟ္မာများကို ရတနာဒီပံကျောင်းတိုက်ဆရာတော်မှ ပြန်လည်ပို့ဆောင်ခြင်းနှင့် သာသနဿလောကသ ဂါထာတော်ကို သုံးကြိမ်ရွတ်ဆို၍ အခန်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အခန်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များ၊ရပ်ကွက်နေပြည်သူများတက်ရောက်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရခြင်းမှာ မြတ်စွာဘုရားရှင်ဘဝနုစဉ် ငါးရံ့မင်းဘဝ၌ မိုးခေါင်ရေရှားပြီးသတ္တဝါအများဘေးဒုက္ခကြုံတွေ့စဉ် ငါးရံ့မင်း၏သစ္စာတော်ဖြင့်မိုးရွာသွန်းစေခြင်းနှင့်ဘုရားရှင်လက်ထက် မိုးခေါင်သဖြင့် တန်ခိုးတော်ကြောင်းမိုးရွာသွန်းစေခြင်းတို့ကို အကြောင်းပြု၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment