MNP - ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များ ပေါက်ဖွားမှုမရှိစေရန် ရည်ရွယ်၍ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ ရွာမချောင်းရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေခြင်း၊ ရွာမချောင်း၊ သံမဏိစက်ရုံဝင်းစက်ယန္တယား လူအင်အားဖြင့် ရှင်းလင်းဆောင်ရွက်ခြင်းနှင့် မြို့တော်ဂေါက်ကွင်းအတွင်း ဖြတ်ရွာမချောင်းတို့အား ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်နေသည်များကို ကြည့်ရှုစစ်ဆေးရာ အင်းစိန်ခရိုင်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်၊ အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများ ဆောင်ရွက်နေသည့် လုပ်ငန်းများကို တင်ပြရာ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - ဇွဲထက်ကို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment