ဘားအံမြို့နယ်တွင် ပြည်နယ်စီးပွားမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံမြို့နယ်တွင် ပြည်နယ်စီးပွားမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - ဩဂုတ်   ၂၆


နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ပေးအပ်ခဲ့သော ငွေကျပ် ၈ ဘီလီယံအားနိုင်ငံစီးပွား မြှင့်တင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်အဆင့်ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့သည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေမှခွဲဝေရရှိခဲ့သည့် ရန်ပုံငွေကျပ် ၈ ဘီလီယံကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်၊ လိုလားချက်များနှင့်အညီ လျင်မြန်စွာတိုးတက်အောင်မြင်နိုင်သည့်လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးနှင့်လယ်ယာ၊ သားငါးကဏ္ဍများတွင် အကျိုးရှိထိရောက်အောင်မြင်စွာ ရင်းနှီးမတည်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားသည့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက်နေပြည်သူများဝင်ငွေတိုးတက်ရရှိစေရေး ရင်းနှီးမတည် ဆောင် ရွက်ပေးရမည့် ဦးစားပေးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသည့်ကျေးရွာများကို ဦးစားပေးရွေးချယ်ကာ အရင်းမပျောက်မတည်ရန်ပုံငွေမြစိမ်းရောင်ကျေးရွာ စီမံကိန်းပုံစံဖြင့်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီများကို ဖွဲ့စည်းတာဝန်ပေး၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရန်ပုံငွေထုတ်ယူသုံးစွဲနိုင်ရေး စီမံဆောင်ရွက်ပေးဖို့လိုကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သက်ရောက်မှုရှိခဲ့သည့် ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့်နိုင်ငံ၏ စီးပွားရေးအခြေအနေများကို ပြန်လည်မြှင့်တင်နိုင်ရန် ပြည်သူ့အကျိုးရှေးရှုသည့်လုပ်ငန်းများအား လျင်လျင်မြန်မြန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ပြည်သူများ၏ လူမှုစီးပွားဘဝများနှင့်စီးပွားရေးမြင့်တက်လာစေရေးကြိုးပမ်းဆောင်ရွက်ရမည့် အစီအမံများ၊ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရနိုင်သည့်အခြေအနေ၊ ဖြည့်ဆည်းဆောင်ရွက်ပေးသင့်သည်များနှင့် ထိရောက်မှန်ကန်စွာ ရင်းနှီးမတည်ဆောင်ရွက်ပေးနိုင်ရေး အကြံပြုဆွေးနွေးပြောကြားပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်စိုးတို့က ဖြည့်စွက်ဆွေးနွေးပြောကြားကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်‌ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနလက် အောက်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက လျင်မြန်စွာတိုးတက်အောင်မြင်နိုင်သည့် (Quick Win)နှင့်ဒေသနှင့်ကိုက်ညီမှုရှိသည့် လယ်ယာစီးပွားလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကုန်ထုတ်လုပ်ငန်းများ အ‌ကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အသီးသီးဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)