MNP - ဩဂုတ် ၂၀
ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့်ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ မြစ်၊ ချောင်းသဘာဝရေပြင်ထဲသို့ ငါးမျိုးများကို စိုက်ထည့်ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ သဘာဝရေပြင်ထဲ့သို့လည်း ငါးသားပေါက်ကောင်ရေ နှစ်ဆယ့်ကိုးသိန်းခြောက်သောင်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးပြီးဖြစ်ကြောင်း ဩဂုတ်လ(၂၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အမှတ်(၄)ရပ်ကွက် ပန်းလှိုင်မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲမှ သိရသည်။
ထန်းတပင်မြို့နယ်အတွင်း မြစ်၊ ချောင်းသဘာဝရေပြင်ထဲကို ငါးသားပေါက်ကောင်ရေ နှစ်ဆယ့်ကိုးသိန်းခြောက်သောင်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးပြီးဖြစ်ပါပြီ ငါးမျိုးစိုက်ထည့်ပေးတာဆိုရင်လည်း ဇူလိုင်လ(၂၃)ရက်နေ့က နဲသမိန်ကျေးရွာဘောလည်မြစ်ထဲကို ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေက နှစ်သိန်းခွဲနဲ့ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေက နှစ်သိန်းခွဲ စုစုပေါင်း ငါးသားပေါက်ကောင်ရေက ငါးသိန်း၊ ဇူလိုင်လ(၂၈)ရက်နေ့က ပန်းလှိုင်မြစ်ထဲကို ထိုင်းငါးခုံးမငါးသားပေါက်ကောင်ရေက သုံးသိန်းခြောက်သောင်းလေးထောင်နဲ့ ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေက တစ်သိန်း စုစုပေါင်းငါးသားပေါက်ကောင်ရေ ခုနှစ်သိန်းတစ်သောင်းလေးထောင်၊ ဩဂုတ်လ (၁၃)ရက် နေ့မှာဆိုရင် လမုတန်းကြီးကျေးရွာ သဘာဝရေပြင်ထဲကို ငါးခုံးမကြီးကနှစ်သိန်းခွဲနဲ့ ရွှေဝါငါးကြင်းကငါးသိန်း စုစုပေါင်းငါးသားပေါက်ကောင်ရေခုနှစ်သိန်းငါးသောင်းနဲ့ ဒီနေ့ဩဂုတ်လ(၂၀)ရက်နေ့မှာဆိုရင် အမှတ်(၄)ရပ်ကွက် ပန်းလှိုင်မြစ်ထဲကို ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေက ငါးသိန်းနဲ့ ငါးခုံးမငါးသားပေါက်ကောင်ရေကငါးသိန်း စုစုပေါင်းငါးသားပေါက်ကောင်ရေဆယ်သိန်း အားလုံးဒီကနေ့ထိစုစုပေါင်းဆိုရင် သဘာဝရေပြင်ထဲကို ငါးမျိုးစိုက်ထည့်ပေးပြီးတာက ငါးသားပေါက်ကောင်ရေ နှစ်ဆယ့်ကိုးသိန်းခြောက်သောင်းလေးထောင်(၂၉၆၄ဝဝဝ)ကို ငါးမျိုးစိုက်ထည့်ပေးပြီးဖြစ်ပါတယ်ဟု မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းအောင်ကပြောသည်။
အမှတ်(၄)ရပ်ကွက် ပန်းလှိုင်မြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအေးဝင်း၊ မြို့နယ်လဝကဦးစီးမှူး ဦးခင်ဆွေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်စိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းအောင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်းလည်း သိရသည်။
သတင်း - ဇင်မင်းထိုက်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment