မိုးနဲမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)ထောက်ပံ့ငွေပေးအပ်




MNP - သြဂုတ်   ၂၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)လအတွက် (Maternal and Child Cash Transfer-MCCT)အကျိုးခံစားခွင့်ရရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ တာဝန်ရှိသူများက ပေးအပ်လျက်ရှိကြောင်း သိရသည်။


အဆိုပါထောက်ပံ့ငွေများကို ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစ ရက်ပေါင်း(၁၀၀၀)အတွင်း အာဟာရပြည့်ဝစေရေးနှင့် မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများစားသုံးနိုင်စေရန်အတွက် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်သုံးလနှင့်အထက်ရှိသူအတွက် တစ်လလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် (၄၅၀၀၀)ကျပ်ကိုလည်းကောင်း၊ အသက်(၂)နှစ်အောက်ကလေးများအား တစ်ဦးလျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့် (၄၅၀၀၀)ကျပ်ကိုလည်းကောင်း မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သွယ်သွယ်ဇင်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ခိုင်စံပယ်ဖြူနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။


မိုးနဲမြို့နယ်အတွင်း (ကျိုင်းတောင်းမြို့)အပါအဝင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၌ ကိုယ်ဝန်ဆောင်မိခင်(၂၇၃)ဦးနှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက်ကလေးငယ်(၈၄၅)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း ထောက်ပံ့ငွေကျပ်(၄၆၉၉၅၀၀၀)ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။


သတင်း - မျိုးညွန့်ရွှေ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)