MNP - ဩဂုတ် ၂၀
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်လမ်းညွှန်မှာကြားချက်အရ ယနေ့နံနက်(၇)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ မော်ရှည်ကုန်ရပ်ကွက်နှင့် ကဇိကျေးရွာအကြား ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးဘေးဝဲယာ၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီစုပေါင်းထန်းပင်စိုက်ပျိုးပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီစုပေါင်းထန်းပင်စိုက်ပျိုးပွဲတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက သတ်မှတ်ထားသောနေရာများတွင် ထန်းပင်များအား စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း ထန်းပင်စိုက်ပျိုးပွဲအပြီးတွင် စုပေါင်းသန့်ရှင်းရေးကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
သတင်း - နန်းခလိုက်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment