ဆင်ပေါင်ဝဲမြို့၌ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါလူနာများ ရှာဖွေဖော်ထုတ်၍ အခမဲ့ကုသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့၌ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါလူနာများ ရှာဖွေဖော်ထုတ်၍ အခမဲ့ကုသပေး

 


MNP - ဩဂုတ်   ၂၀


မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက် ဓမ္မာရုံ၌ ယမန်နေ့က မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမှ Non Communi cable disease(NCD) သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါလူနာများ ရှာဖွေဖော်ထုတ်၍ အခမဲ့ကုသစစ်ဆေးပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ထိုသို့စစ်ဆေးခဲ့ရာ အသက် ၄၀ နှင့်အထက် (၅၅)ယောက်တွင် သွေးတိုးသီးသန့် လူနာ ၄၆ ယောက်တွေ့ရှိခဲ့ပြီး ဆီးချို၊ သွေးတိုးတွဲ (၂၀)ယောက်တွေ့ရှိခဲ့သည်။


အဆိုပါလူနာများအား သွေးပေါင်ထိန်းဆေးနှင့် ဆီးချိုဆေးများအား အခမဲ့ပေးဝေခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး boostet dose မထိုးနှံရသေးသည့်သူများလည်း တစ်ပါတည်းထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။


သတင်း - နိုင်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)