ငပလီမြို့၌ ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငပလီမြို့၌ ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းပြုလုပ်

    

MNP ၊ ဩဂုတ် ၃

သံတွဲခရိုင်၊ငပလီမြို့၌ယနေ့  မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ဒေါ်သန်းနုကနိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်အခန်း(၂)ပါနိုင်ငံ့ဝန်ထမ်းများထားရှိရမည့်စံတန်ဖိုးသတ်မှတ်ချက် များခေါင်းစဉ်အောက် မှပါဝင်သည့်အချက်(၈)ချက်အားရှင်းလင်းပြီးဝန်ထမ်းများအနေဖြင့်နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်အခြားသောအဖွဲ့အစည်းဆိုင်ရာကျင့်ဝတ်များသည်နိုင်ငံ့ဝန်ထမ်းကဏ္ဍစဉ္ဆက်မပြတ်ဖွံ့ဖြိုးတိုက်ရေးအတွက်အရေးကြီးသောအစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်းနှင့်မိမိတို့လိုက်နာရမည့်နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စံတန်ဖိုးသတ်မှတ်ချက် များနှင့်အညီလိုက်နာဆောင်ရွက်စေရန်ရည် ရွယ်၍  ယခုလိုစာဖတ်ဝိုင်းများပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့တက်ရောက် လာကြသည့်ဝန်ထမ်းများကဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများစာအုပ်  အခန်း(၃)ပါ ပြည်သူဗဟိုပြုနိုင်ငံ့ဝန်ထမ်းများဖြစ်လာစေရန်ကတိကဝတ်ပြုခြင်းခေါင်းစဉ်အောက်တွင်ပါဝင်သည့်အချက်( ၇)ကိုဝန်ထမ်းများကဖတ်ကြားပြီး မြို့နယ်ဦးစီးမှူးက ခေါင်းစဉ် တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည် ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)