စဉ့်ကူးမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




MNP - ဩဂုတ်   ၁


မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လုပ်ငန်းလမ်းညွှန်မှာကြားချက်များအား ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များအနေဖြင့် သိရှိလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် ပြေပြစ်ချောမွေ့စွာ ဆက်ဆံရန်လိုအပ်ကြောင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အလုပ်ခွင် သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊  နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခများအား အပြည့်အဝ ရရှိစေရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊  မြို့နယ်နှင့်ဌာနဆိုင်ရာရုံးများ အလိုက် သန့်ရှင်းသာယာလှပရေး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မြို့နယ်စိမ်းလန်းစိုပြေစေရေးအတွက် သစ်ပင်၊ ပျိုးပင်များအား ဆက်လက်စိုက်ပျိုးသွားရမည့် အစီအစဉ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စများ အပါအဝင် လုပ်ငန်းလမ်းညွှန်ချက်များအား ရှင်းလင်းဆွေးနွေး သည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်မည့် အခြေအနေများ၊ လက်ရှိဆောင်ရွက်နေမှုများကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။


အဆိုပါ ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ဇာလွင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)