ကျိုက်ထိုမြို့နယ်တွင် ရေသယံဇာတထိန်းသိမ်းရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ရေသယံဇာတထိန်းသိမ်းရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ပြုလုပ်


MNP ၊ ဩဂုတ် ၁

  မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တို့ပူးပေါင်း၍ ဩဂုတ်(၁) ရက်နေ့ ၊နံနက်ပိုင်းက ရေသယံဇာတထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

  ဆွေးနွေးပွဲတွင် ကျိုက်ထိုမြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိ ပညာပေး ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဦးသော်ထူးပိုင်နှင့် အငယ်တန်းစာရေးဒေါ်ဟိုဇင်ဝင်းတို့က ကမ္ဘာပေါ်မှာရှိသည့်ရေတည်ရှိမှုအခြေအ နေ၊ရေချိုအရင်းအမြစ်များ၏အရေးပါပုံ၊ ရေချိုအရင်းအမြစ်များလျော့နည်းပျောက်ကွယ်မှုမရှိအောင်ဆောင်ရွက်ရာမှာ သစ် တောသစ်ပင်တို့၏အရေးပါပုံ၊ သစ်တောသစ်ပင် ဝါးတောဝါးပင်များတောင်ယာများ ခုတ်ထွင်ရှင်းလင်းမှု မရှိပါက ရရှိနိုင်မည့် အကျိုးကျေးဇူး ၊ရေချွေတာသုံးစွဲရေးနှင့်ရေထုညစ်ညမ်းမှုလျော့နည်းအောင် ဆောင် 

ရွက်သင့်သည့်နည်းလမ်းများ၊စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)