ရွှေတောင်မြို့နယ်တွင် မာလာကာပင်များ စိုက်ပျိုးအောင်မြင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မာလာကာပင်များ စိုက်ပျိုးအောင်မြင်

 


MNP - သြဂုတ်   ၃၀


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် နှစ်ရှည်မာလာကာပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


"စိုက်ခါစကတော့ အပင်ရေ (၁၆၀)လောက် စိုက်ထားပါတယ်၊ အပျက်အစီးရှိတော့ အပင်ရေ (၁၄၀) လောက်တော့ ကျန်တာပေါ့၊ ကုန်ကျစရိတ်အနေနဲ့တော့ ပေါင်းမြက်ရှင်းတာတို့ မြေသြဇာကျွေးတာနဲ့ အရင်းအနှီးကတော့ (၅)သိန်းလောက်တော့ ရင်းရပါတယ် တစ်နှစ်ခွဲလောက်မှာ စတင်အသီးသီးကာစမှာ သတင်းစာနဲ့ ကြွတ်ကြွတ်အိတ် ဆွတ်ပေးရပါတယ်၊ သုံးလကြားတော့ စတင်ခူးဆွတ်ရောင်းချပါတယ်၊ ကျွန်တော်တို့ ရွှေတောင်မြို့အနေနဲ့ ဈေးကွက်ကတော့ ပြည်၊ ပန်းတောင်း၊ ဥသျှစ်ပင်တို့မှာ ဖြန့်ပါတယ် ဈေးနှုန်းအနေနဲ့ကတော့ အရွယ်အစားအလိုက် ရောင်းချရပြီး တစ်နှစ်ကို (၁၀) သိန်း လောက်တော့ ရပါတယ် ခုတော့ စာသင်ကျောင်းတွေကလည်း ပြန်ဖွင့်ပြီးဆိုတော့ အရင်နဲ့စာရင် အများကြီးအဆင်ပြေပါတယ် " လို့ ခြံစိုက်တောင်သူ ကိုဇေယျာမျိုးက ပြောကြားခဲ့ပါတယ်။


ရွှေတောင်မြို့နယ်အတွင်း မာလာကာပင်စိုက်တောင်သူအရေအတွက် (၂၀)ခန့်ရှိကြောင်းလည်း သိရသည်။


သတင်း - ကိုကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)