ကျိုက်ထိုမြို့နယ် တွင် အရန်သားဖွားနှင့် လူထုကျန်းမာရေး လုပ်သားများ မွမ်းမံသင်တန်းဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် တွင် အရန်သားဖွားနှင့် လူထုကျန်းမာရေး လုပ်သားများ မွမ်းမံသင်တန်းဆင်း





MNP ၊ ဩဂုတ် ၂၀

ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တွင် အရန်သားဖွားနှင့်လူထုကျန်းမာရေး လုပ်သားများ(မွမ်းမံ) သင်တန်းဆင်းပွဲကို ဩဂုတ် ၁၉ ရက်ညနေ ၄ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။


အဆိုပါသင်တန်းတွင် ပို့ချသင်ကြားခဲ့သည့်သင်ခန်းစာများမှာ လူ၏ကိုယ်ခန္ဓာအ စိတ်အပိုင်း(၅)မျိုးနှင့်အတူ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာသိမှတ်စရာများ၊ ကိုယ်ဝန်ဆောင် မိခင်များအား စောင့်ရှောက် ခြင်း၊ပုံမှန်မွေးဖွားခြင်းဖြစ်စဉ်နှင့်မွေးဖွားခြင်းကိုစောင့်ရှောက်ပေးခြင်း၊မွေးကင်းစကလေးအားပြုစုစောင့်ရှောက်ခြင်း၊(၅)နှစ်အောက်ကလေးအားပြုစုစောင့်ရှောက်ခြင်း ၊မိခင်နှင့်ကလေးအာဟာရဖွံ့ဖြိုးရေးလုပ် ငန်း နှင့်တကိုယ်ရေသန့်ရှင်းရေး၊ပတ်ဝန်း ကျင်သန့်ရှင်းရေးနှင့်ရောဂါကာကွယ်ခြင်း၊အိပ်ခ်ျအိုင်ဗွီ၊အေအိုင်ဒီအက်စ်နှင့်အိမ် တွင်းစောင့်ရှောက်မှုပေးခြင်း၊ သူနာပြုအတတ်လေ့လာသင်ကြားခြင်းနှင့်ရှေးဦး သူနာပြုစုခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ အတိုင်ပင်ခံဆွေးနွေးခြင်း သင်ခန်းစာများအား ကျန်းမာရေးမှူးအဆင်(၁)ဦးထွန်းညီညီ၊သားဖွားဆရာမ ဒေါ်သော်တာစိုး၊ဒေါ်သင်းလဲ့လဲ့ဦးတို့မှ သင်တန်းသူ(၁၆)ဦးတို့အားဩဂုတ်(၁၆)ရက်နေ့မှဩဂုတ်(၁၉)ရက်နေ့ထိ (၄)ရက်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)