MNP - သြဂုတ် ၂၀
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေး တောင်သူနည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန် ကမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမာအိမှ အဖွင့်အမှာစကားပြောကြားပြီး ၊တက်ရောက်လာသောတောင်သူများအား နေကြာဧကတိုးချဲ့ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းစေရေး ရေဆင်းစပ်မျိုး(၁)မျိုးကောင်း၊မျိုးသန့်များစိုက်ပျိုးဆောင်ရွက်ရာတွင် ထယ်/ထွန် လုပ်ဆောင်မှု၊ စိုက်ပျိုးနည်းစနစ်များအား အသေးစိတ်ရှင်လင်းဆွေးနွေးပို့ချပေးပြီး တောင်သူများသိရှိလိုသည်များအား ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
ဘောလခဲမြို့နယ်တွင် ယခုနှစ်ဆောင်းရာသီနေကြာစိုက်ပျိုးရန်လျာထား မျိုးကောင်းနေကြာ ဧကပေါင်း(၅၂၆)ဧကကို အောင်မြင်ဖြစ်ထွန်းအောင် ကြိုးစားစိုက်ပျိုးကြမည်ဖြစ်ကြောင်းနှင့် တောင်သူနည်းပညာပေးသင်တန်းကို ဘောလခဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၂)ခုနှင့်မိုင်ထမ်းကျေးရွာ၊ ရေနီပေါက်ကျေးရွာမှ တောင်သူပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment