တာချီလိတ်မြို့၌ ဝရိန်ဆော်ရာမှ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ ဝရိန်ဆော်ရာမှ မီးလောင်မှုဖြစ်ပွား

 



MNP - ဩဂုတ်   ၂၀


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ပုံလို့လမ်း လားဟူဈေးအနီးရှိ ကြီးမြတ်သော ရွှေမြင်းကလပ် အတွင်းရှိ အခန်းအား ပြင်ဆင်ရန် ဝရိန်ဆော်ရာမှ ဝရိန်အိုး ပေါက်ကွဲကာ ယမန်နေ့ညနေ ၄ နာရီခန့်က မီးစတင်လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုကို  ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ ဝန်ထမ်းများက ဝိုင်းဝန်းငြှိမ်း သတ်ခဲ့ရာ ညနေ ၅ နာရီတွင် မီးညွန့်ကျိုးသွားပြီး ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊  မီးလောင်မှု‌ကြောင့် လက်အရေပြား လောင်သည့် ဒဏ်ရာရရှိသူ နှစ်ဦးအား ဆေးရုံသို့ ပို့ဆောင် ကုသပေး လျက်ရှိကြောင်း သိရှိရသည်။


သတင်း - ယာဆေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)