ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မုဒိတာစာဖတ်ဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မုဒိတာစာဖတ်ဝိုင်း ကျင်းပ



MNP - သြဂုတ်   ၂၀


စာအုပ်၊ စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက  စာအုပ်စာပေဝါသနာရှင်များနှင့် စာပေချစ်သူများက မုဒိတာ  စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မုဒိတာ စာဖတ်ဝိုင်းတွင်  စာပေချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဋ္ဌ ဒေါ် ခင်ယုနိုင်၊ အေပရယ်ယုနိုင်- ရွှေတောင် ကအဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ၏ လူငယ်နှင့်အခွင့်အလမ်းစာအုပ်ပါ ယုံကြည်ချက်ဣဒ္ဓိပါဒ်နှင့် လူငယ်နှင့် အခွင့်အလမ်း၊ မောင်အေးငြိမ်း (သရက်)မှ သက်ကြီးစကား၊ ထွန်းအေးကြိုင် (ရွှေတောင်)မှ ဘဝထဲကသင်ခန်းစာ စသည့် စာအုပ်ပါသိမှတ်ဖွယ်ရာဗဟုသုတများကို ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေချစ်သူ လူငယ်မောင်မယ်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


သတင်း - ကိုကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)