MNP - ဩဂုတ် ၂ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အဆင့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က မိတ္ထီလာမြို့ အောင်မင်္ဂလာခန်းမ၌ ကျင်းပကြောင်းသိရသည်။
အဆိုပါ ဆုပေးပွဲအခမ်းအနားသို့ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်များ၊ အကဲဖြတ်ဒိုင်ချုပ်နှင့် ဒိုင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဆုပေးပွဲအခမ်းအနားတွင် ပြိုင်ပွဲကဏ္ဍအလိုက် ပထမဆုများနှင့် ဒုတိယဆုရရှိသူများ သက်ဆိုင်ရာဆုများကိုလည်းကောင်း၊ ပြိုင်ပွဲဝင်သူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်ပြန်/ဆက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မိတ္ထီလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်သည်။ အဆိုပါ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဩဂုတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိကျင်းပခဲ့ပြီး မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့် ဝမ်းတွင်းမြို့နယ်များမှ ပြိုင်ပွဲဝင် ၆၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သတင်း - ချမ်းသာ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment