စဉ့်ကူးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်






MNP ၊  သြဂုတ်  ၂၀

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ နံနက်(၉)နာရီမှစ၍ စဉ့်ကူးမြို့နယ် တောင်အင်းကျေးရွာအုပ်စု၊ တောင်အင်းကျေးရွာတွင်  မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တောင်အင်းကျေးရွာ၊ ငါးဆူတောင်စေတီဘုရားဝင်း ဓမ္မာရုံတွင် ဒေသခံပြည်သူ ၃၀၀ ဦးခန့် နှင့် တွေ့ဆုံပွဲ ကျင်းပသည်။

အဆိုပါ တွေ့ဆုံပွဲတွင် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင် က ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ရပ်/ကျေးပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်း က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများနှင့်  ပြည်သူ့စစ်နှင့် ပြည်သူ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား လည်းကောင်း၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့်  ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံများကိုယ်စား ပြည်သူတစ်ဦးက ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့်အကြံပြုချက်များ တင်ပြခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြသည်။ 

ဆက်လက်၍  မြို့နယ်အဆင့်ဌာနဆိုင်ရာ(၁၆)ခုက စဉ့်ကူးမြို့နယ် တောင်အင်းကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအားမြေပြင် ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် တောင်အင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အရိပ်ရပျိုးပင်များစုပေါင်း စိုက်ပျိုးပေးခြင်း၊ ကျောင်းသားကျောင်းသူ (၃၁) ဦးအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း၊ ပြည်သူ(၄)ဦးအား အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း၊  ပြည်သူ (၂၀၆)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပြည်သူ (၅၀)ဦးအား အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်ပေးခြင်း၊ ပြည်သူ (၃)ဦးအား မွေးစာရင်းလက်မှတ် ထုတ်ပေးခြင်း၊ ဆေးရည်စိမ် ခြင်ထောင်(၅၀)လုံး ဖြန့်ဝေပေးခြင်း၊ အိမ်သုံး လျှပ်စစ်မီတာ (၁၈)လုံး တပ်ဆင်ပေးခြင်း၊ မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ ငါးအမိုင်နို ရွက်ဖျန်း အားဆေးရည် ပြုလုပ်ပုံ လက်တွေ့သရုပ်ပြခြင်း၊ ကျွဲ(၃၀)ကောင်အား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ နွား (၁၂၀)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း စသည့်  ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရပါသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)