MNP - သြဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှုးရုံး၌ ယမန်နေ့ နေ့လယ်(၂)နာရီက လေဘေးသင့်အိမ်ထောင်စုဝင်များထံသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းမှာ သြဂုတ်လ(၁၃)ရက်နေ့ ညနေ(၄)နာရီခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဟာရီးကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးရှိ ဟာရီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးရုံးပေါ်သို့ ကုက္ကိုပင်ကြီး လဲကျခဲ့သဖြင့်ပြိုကျခဲ့ပြီး အနီးနားရှိ နေအိမ်(၃)လုံးမှာလည်း ပြိုကျပျက်စီးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုကျပျက်စီးခဲ့သည့် နေအိမ်များမှ ပြိုကျနေအိမ်(၁)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၃)စုရှိ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၃၆၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၂၃၃၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလပ်စတစ်ပုံးတစ်ပုံးတို့အား ပြိုကျအိမ်ထောင်စုတစ်စုတို့အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာ မြို့နယ်ဦးစီးမှုး ဦးမြတ်မင်းထက်၊ ဒုတိယမြို့နယ်ဦးစီးမှုး ဒေါ်ခိုင်ဇင်သန့်နှင့် တာဝန်ရှိသူများက အိမ်တိုယာရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment