MNP ၊ သြဂုတ် ၂၀
မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ၊လူထုအခြေ ပြုဗဟိုဌာန ( Community Centre) ခန်းမတွင် ယနေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူ များအသင်း (Book Club )တို့ ပူးပေါင်း၍စာရေးဆရာ ညီမင်းညို ရေးသားသည့် “လူငယ်နှင့် ဘဝရည်မှန်းချက်ပန်းတိုင်“ စာအုပ်ဖြင့်စာဖတ် ဝိုင်းဆွေးနွေးပွဲ ကိုပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံ က စာဖတ် ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက် ကို ရှင်း လင်းပြောကြားခဲ့ပြီး (Book Club )အဖွဲ့ဝင် ဦးညွန့်ဖေ (Woman Club)အဖွဲ့ဝင်ဒေါ်ခိုင်ဝေဖူး တို့က ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက် လာကြသည့် စာပေချစ်သူများက စာအုပ်ပါ အကြောင်း အရာများကို အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ဆောင် ရွက်ပေးခြင်းဖြင့် လူငယ် ၊လူရွယ်များ ၊စာဖတ် သည့်အလေ့အကျင့် ရှိလာစေရန်၊စာပေမှရရှိသည့် အသိပညာဖြင့်သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူး ပေါင်းဆောင်ရွက်တတ်သည့် အလေ့ အကျင့် ကောင်းများရရှိလာစေရန် ရည်ရွယ်ဆောင်ရွက် ခြင်း ဖြစ်ကြောင်းသိရသည်။
ထူးနောင် ဘီးလင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment