ဟင်္သာတမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ၊ စာဖတ်ဝိုင်းများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ၊ စာဖတ်ဝိုင်းများကျင်းပ

 


MNP - သြဂုတ်   ၂၄


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်  ခရိုင်ပြန်ဆက်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ၊ စာဖတ်ဝိုင်းများကို သြဂုတ် ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဟင်္သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ခိုင်က အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို လည်းကောင်း၊  ခရိုင်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်အေးအေးမာ က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ် မြင့်မားစေဖို့ စာပေလေ့လာဖတ်ရူစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေးခေါင်စဉ်များဖြင့်လည်းကောင်း ဟောပြောခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်သက်သက်လွင်က စနစ်တကျအမှိုက်စွန့်ပစ်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း  အသိပညာပေး ဟောပြောခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်မြင့်မားရေး စာဖတ်ဝိုင်းများကျင်းပပြီး မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခဲ့သည်။


အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ အထက်တန်းဆင့်၊ အလယ်တန်းဆင့်၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၆၀၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ကိုဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)