MNP - ဩဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်များအား ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လစဉ်သတ်မှတ်ရက်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအား ဩဂုတ်(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ (၃)ရက်တာ ဆက်လက်ထိုးနှံ ပေးမည်ဖြစ်သည်။
ထိုးနှံပေးရာတွင် ဘိုကလေးမြို့နယ် ကျက်သရေဆောင် မြို့မဆွမ်းလောင်းအသင်း ဓမ္မာရုံကြီး၌ နံနက်(၁၀) နာရီမှ စတင်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းစဉ်များအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့တို့နှင့် ပူးပေါင်းကာ ကာကွယ်ဆေးထိုးနှံရန် သတ်မှတ်ချက်နှင့် ပြည့်မီသူများအား ကျန်ရှိမှုမရှိစေရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - မိုးစက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment