MNP ၊ ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း ရွှေရတုခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ပညာရည်ချွန်ဆု ရရှိသောကျောင်းသား/ ကျောင်းသူ များက" ဘက်စုံပညာကိုရည် တို့လှမ်းချီ" သီချင်းဖြင့် သီဆိုဖျော်ဖြေ၍အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးသော်တာထွန်းက အခြေခံပညာ အထက်တန်းကျောင်း(စဉ့်ကူး)အတွက် အလှူငွေများပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာထွန်း က လက်ခံရယူခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦး နှင့် ဒုတိယမြို့နယ်ပညာရေးမှူး တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီး ပညာရည်ချွန်ဆုများကို ချီးမြှင့်ရာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ထူးချွန်စွာ အောင်မြင်ကြသည့်ကျောင်းသား/ကျောင်းသူ ( ) ဦးနှင့် အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်း၊ အတွင်းရေးမှူး ရဲမှူး ဇော်နီချစ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပထမဆုရ ရှိခဲ့သည့် Grade-11 ကျောင်းသူ မနှင်းစန္ဒာထွန်း မှ “ကျွန်တော့်ရည်မှန်းချက်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။
အဆိုပါ ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကျောင်း အကျိုးတော်ဆောင်များ၊ မြို့မိ/မြို့ဖများ၊ ဆုရကျောင်းသား/ကျောင်းသူများနှင့်မိဘများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment