MNP - ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့ အောင်မင်္ဂ လာ ခန်းမ၌ ကျင်းပကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ကျင်းပရာတွင် ရှေးဦးစွာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေး၊ လူမှုရေးရာ ဝန်ကြီးဦးယဉ်ထွေးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဦးသိန်းဌေးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မိတ္ထီလာ၊မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များမှ အဆို၊အက၊ အတီးပြိုင်ပွဲဝင်များက သီဆို ကပြဖျော်ဖြေသည်။ထိုနောက် ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးထံသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ငွေကျပ်သိန်းသုံးဆယ်ကို တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးတို့က ပေးအပ်ခဲ့ကြောင်းသိရသည်။ မိတ္ထီလာခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဩဂုတ်လ ၁၈ ရက်နေ့ မှ ၁၉ ရက်နေ့အထိ ကျင်းပခြင်းဖြစ်ပြီး ခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များမှ ပြိုင်ပွဲဝင်စုစုပေါင်း ၆၂ ဦး ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။
သတင်း - ချမ်းသာ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment