ပေါက်ခေါင်းမြို့၌ မကူးစက်နိုင်သောရောဂါများ NCD Clinic ကွင်းဆင်းဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့၌ မကူးစက်နိုင်သောရောဂါများ NCD Clinic ကွင်းဆင်းဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး

 


MNP - ဩဂုတ်   ၁၉


ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်မျိုးမြတ်၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မကူးစက်နိုင်သောရောဂါများ NCD Clinic ကွင်းဆင်းဆေးကုသပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းဆေးကုသမှုပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ရှိ ဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်မှုများအဖြစ် ဆီးချို၊ သွေးချို ရှိ/မရှိ စစ်ဆေးခြင်းနှင့် သွေးတိုးရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးပြီး၊ ရောဂါများ စစ်ဆေးတွေ့ရှိပါက သောက်ဆေး (၁)လစာကို အခမဲ့ထုတ်‌ပေးခဲ့ပြီး၊ ဆေးကုန်ပါက ပြည်သူ့ဆေးရုံသို့ လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် နောက်ရက်များတွင် ကျန်ရှိနေသော ဌာနဆိုင်ရာရုံးများသို့လည်း ကွင်းဆင်းဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သန်းထွန်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)