MNP - သြဂုတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအထောက်အကူပြုနိုင်ရန်အတွက် လူသုံးကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်းကို ယနေ့နံနက်(၁၀) နာရီအချိန်က လုံဟေးကျေးရွာအုပ်စု၊ လုံဟေးကျေးရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်သိန်းမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ဖြူဖြူမြင့်မှ ရက်ကန်ဆိုင်ရာ အသက်မွေးဝမ်းသင်တန်းများနှင့် ပတ်သက်သည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို သင်တန်းသား/သူ (၂၀)ဦးဖြင့် ဩဂုတ်လ(၁၉)ရက်နေ့မှ ဩဂုတ်လ(၂၃)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment