MNP - ဩဂုတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စာသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် Diamond Dragon Co.lt တို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)ရပ်ကွက်၌ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီနှင့်ဆန်များရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် နေကြာဆီနှင့် ပဲဆီရောထားသော စားသုံးဆီအား တစ်ပိဿာလျှင် ၅၆၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ နှံကောက်ဆန်(၁)ပြည်လျှင် ကျပ် ၁၅၀၀ နှုန်းဖြင့်လည်းကောင်း ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိပြီး ရေတာရှည်မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အလှည့်ကျ လှည့်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment