စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ကန်သာယာကန်အား သာယာလှပ ရေးနှင့် ရေသိုလှောင်နိုင်မှုပမာဏ တိုးမြင့်ရေးအတွက် ထပ်မံတူးဖော်ခြင်းနှင့် ကန်ပတ်လမ်းပြု လုပ်ပြီးစီးခြင်း အထိမ်းအမှတ်အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ ကန်သာယာကန်အား သာယာလှပ ရေးနှင့် ရေသိုလှောင်နိုင်မှုပမာဏ တိုးမြင့်ရေးအတွက် ထပ်မံတူးဖော်ခြင်းနှင့် ကန်ပတ်လမ်းပြု လုပ်ပြီးစီးခြင်း အထိမ်းအမှတ်အခမ်းအနား တက်ရောက်




MNP - သြဂုတ်   ၂၀


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ကန်သာယာကန်အားသာယာလှပရေးနှင့် ရေသိုလှောင်နိုင်မှုပမာဏ တိုးမြင့်ရေးအတွက် တပ်မံတူးဖော်ခြင်းနှင့် ကန်သာယာပတ်လမ်းပြုလုပ်ပြီး စီးခြင်းအထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ(၁၉)ရက်၊ နံနက်ပိုင်းတွင် အဆိုပါကန်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မုံရွာမြို့ကို အနောက်မြောက်တိုင်း မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စွာ သန့်ရှင်းသာယာလှပ စေရေး၊ ပြည်သူများစိတ်လက်ကြည်နူးစွာ အပန်းဖြေနိုင်ရေး၊ သန့်ရှင်းသောသောက်သုံးရေ ရရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ လမ်းပန်းဆက်သွယ်မကောင်း မွန်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အနောက်ဘက် ကန်သာယာသည် ယခင်ကရွံ့နွံများ၊ ကြနွယ်များ၊ ဗေဒါများဖြင့် ပြည့်လျံနေသဖြင့် ရေနေဧရိယာ နည်းပါးနေကြောင်းတွေ့ရှိရသည့်အတွက် အနောက်ဘက်ကန်သာယာအား ရေနေဧရိယာ ပိုမိုများပြားလာစေရေး၊ ပေ ၃၀ အကျယ် ရရှိအောင်ဆောင်ရွက်ရေးနှင့် မြို့နေပြည်သူလူထုအား သန့်ရှင်းသောသောက်သုံးရေ ပိုမိုလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့အား မေလမှစတင်၍ တာဝန်ပေးအပ်ဆောင်ရွက်စေခဲ့ပါကြောင်း၊


ယခူတူးဖော်သည့် အနောက်ဘက်ကန်သာယာထဲမှ ဧရိယာ ၁၀.၃၇ ဧကအား မြို့ရေပေး ဝေရေးအတွက် ချင်းတွင်းမြစ်မှရေတင်၍ အနယ်စစ်ကန်အဖြစ် အသုံးပြုရန် စုစုပေါင်းအနက် ၆ ပေထပ်မံတူးဖော်ကာ မြို့နေလူထုအား ချင်းတွင်းမြစ်ရေကို ပိုမိုသန့်စင်စွာ သောက်သုံးနိုင်ရေးကိုလည်း စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်သူများနေဖြင့်လည်း လမ်းများအား အသုံးပြုရာတွင် သက်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်ခြင်းမပြုဘဲ စည်းကမ်းတကျ အသုံးပြုရန်နှင့် ရေစီးရေလာကောင်းမွန်ရေးကို အနှောက်အယှက်ဖြစ်စေနိုင်သည့် ရေမြောင်းအားပိတ်ဆို့ခြင်း၊ ရေမြောင်းအတွင်း အမှိုစွန့်ပစ်ခြင်းများကိုမပြုလုပ်ဘဲ သက်မှတ်ထားသည့်အမှိုက် စွန့်ပစ်နေရာတွင် စွန့်ပစ်ခြင်းဖြင့် မုံရွာမြို့ကြီးအား အနောက်မြောက်တိုင်းမြို့တော် အင်္ဂါရပ်နှင့် ညီညွတ်စွာ သန့်ရှင်းသာယာလှပစေရေးအတွက် တစ်ဖတ်တစ်လမ်းမှ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ကန်သာယာအနောက်ဘက်ကန် လုပ်ငန်းများဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ လုံခြုံရေးနှင့်နယ်စက်ရေးရာ ဝန်ကြီး၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က ကန်သာယာ ကန်အား သာယာလှပရေးနှင့် ရေသိုလှောင်နိုင်မှုပမာဏ တိုးမြင့်ရေးအတွက် ထပ်မံတူးဖော်ခြင်းနှင့် ကန်ပတ်လမ်းပြုလုပ်ပြီးစီးခြင်း အထိမ်းအမှတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အဆိုပါ အနောက်ဘက်ကန်သာယာ ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ယခုနှစ်မေလဆန်းမှစတင်၍ ပျမ်းမျှအနက် ၄ ပေ တူးဖော်ကာ ကန်ပတ်လည် ပေ ၃၀ အကျယ် တာဘောင်မြေဖို့ခြင်း၊ မြေညှိခြင်းနှင့် စက်ကြိတ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ကန်အတွင်း ၁.၅ ဧကခန့်ရှိ ကျွန်းတစ်ကျွန်းနှင့် ဝ.၅ ဧကခန့်ရှိ ကျွန်းတစ်ကျွန်း စုစုပေါင်း ၂.၀ ဧက ကျယ်ဝန်းသည့် ကျွန်းနှစ်ကျွန်းဖော်ဆောင်ကာ မူလရေပြင် ဧရိယာအနေဖြင့် ၄၆.၅ ဧက ရှိသည့်အတွက် သိုလှောင်နိုင်သည့်ရေပမာဏ ဂါလံ ၈၈.၄၇ သန်း၊ ဖြစ်ပြီး ယခု ၄ ပေအနက် တူးဖော်ကာ သိုလှောင်နိုင်သည့် ရေပမာဏ ဂါလံ ၁၂၁.၆၄ သန်း၊ မူလ အထက် ရေဂါလံ ၃၃.၁၇ သန်း ပိုမိုသိုလှောင်လာနိုင်မှာဖြစ်ကာ ဗိုလ်ချုပ်လမ်းနှင့်အပြိုင် အရှေ့ဘက်ရေဝင်ပေါက် အလျား ၅၀ ပေ၊ အကျယ် ၃၀ ပေ သံကူကွန်ကရစ်တံတားတစ်စင်း၊ ချင်းတွင်းမြစ်ရေဝင်ပေါက် အလျား ၃၀ ပေ၊ အကျယ် ၃၀ ပေ သံကူကွန်ကရစ် တံတားတစ်စင်း စုစုပေါင်းနှစ်စင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၁၀)မှ တာဝန်ယူတည် ဆောက်နေသော မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး ကုတင် ၅၀၀ ဆံ့ တိုးချဲ့(၅)ထပ် လူနာကုသဆောင် ဆောက်လုပ်ရေးလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာက တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊ ဆေးရုံအုပ်ကြီးမှ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လည်းကောင်း Power Point ဖြင့် ရှင်းလင်းတင် ပြကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၅)ထပ် လူနာကုသဆောင် ဆောက်လုပ်နေမှုလုပ်ငန်းများအား စံချိန် စံညွှန်းမီ သန့်ရှင်းသပ်ရပ်စွာ အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ဆေးရုံသုံးစက်ကိရိယာများ ပြည့်စုံစွာထားရှိရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ဆေးကုသမည့်လူနာများ စိတ်အေးချမ်သာစွာဖြင့် ဆေးကုသမှုခံယူရေး လျှပ်စစ်မီးပြည့်မီစွာ ရရှိရေးတို့အား မှာကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုးချဲ့(၅)ထပ် လူနာကုသဆောင် အဆောက်အဦအတွင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)