MNP - ဩဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မျောက်ကျောက်ရောဂါ အသိပညာပေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အသိ ပညာပေးနံရံကပ်စာစောင်ပြပွဲကို မိဘပြည်သူများအနေဖြင့် မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိပြီး ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြသဆောင်ရွက် ခဲ့ကြောင်းသိရ သည်။
အဆိုပါမျောက်ကျောက်ရောဂါ အသိပညာပေး နံရံကပ်စာစောင်တွင် သိထားသင့်တဲ့ မျောက်ကျောက်ရောဂါ၊ မျောက်ကျောက် ရောဂါလက္ခဏာများ၊ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ ဘယ်လိုကာကွယ်မလဲ၊ မျောက်ကျောက် ဗိုင်းရပ်စ် ဘယ်လိုကူးစက်သလဲ၊ မျောက်ကျောက်ရောဂါသည် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါသလား၊ မျောက်ကျောက်ရောဂါအကြောင်းများ၊ မှတ်တမ်းဓာတ်ပုံများစသည့် သိသင့်သိထိုက်သည့် အကြောင်းအရာများ ပြသဆောင်ရွက်ပေးထားကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါပုံမြို့နယ်ရုံးသည် နံရံကပ်စာစောင်များကို အသိပညာဗဟုသုတရစေရန် ပြသဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။
သတင်း - သူဇာဝင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment