သာကေတမြို့နယ် ပတ္တမြား အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းတွင် လာရာက်ကုသသူ များပြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ် ပတ္တမြား အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းတွင် လာရာက်ကုသသူ များပြား



MNP - ဩဂုတ်   ၂၀


ရန်ကုန်တိုင်ဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀၈ တောင်မဟာဗောဓိ စွယ်တော်ရှင်စေတီတော် အနီးရှိ ပတ္တမြားစာသင်တိုက်တွင် ဆရာတော်များ ဦးစီးသော ပတ္တမြား အခမဲ့ကုသိုလ်ဖြစ် ဆေးခန်းကို ၂၀၁၃ ခုနှစ်မှ စတင်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက် (၁၀)နာရီမှ မွန်းလွဲ (၂)နာရီအထိ ဖွင့်လှစ်ခဲ့ရာ လာရောက်ပြသကုသသူ များပြားသဖြင့် ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဆေးခန်းဖွင့်လှစ်သည့် ရက်များ၌ လူဦးရေ(၁၀၀)ကိုသာ သတ်မှတ် ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။


 အဆိုပါ ဆေးခန်းတာဝန်ခံ ဦးနိုင်မိုးက “ကျွန်တော်တို့ မနက် (၁၀)မှ နေ့လည် (၂)အထိ ဆေးခန်းဖွင့်တဲ့ အချိန်အတိုင်းအတာထက် ပြသတဲ့သူက အဆမတန် များပြားနေလို့ ဖွင့်ချိန်၊ ပိတ်ချိန်နဲ့ ကိုက်ညှိပြီး ကျန်းမားရေး လမ်းညွှန်ချက်များနှင့်အညီ လူဦးရေ (၁၀၀)ကိုသာ ကုသပေးခြင်း ဖြစ်ပါတယ်။ နယ်ဝေး သမားတွေကတော့ ကြိုတင်လာရောက်ပြီး စာရင်းပေးသွင်းရင် ပိုကောင်းပါတယ်”ဟု ပြောကြားခဲ့သည်။


အဆိုပါ ပတ္တမြား ကုသိုလ်ဖြစ်ဆေးခန်းသို့ သာကေတမြို့နယ်တွင်းသာမက သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ ဒဂုံမြို့သစ် မြို့နယ်များ၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဒလ၊ တွံ့တေးနှင့် အခြားမြို့နယ်များကပါ လာရောက် ကုသလျက်ရှိပြီး  အထွေထွေ ရောဂါများ၊ သွား၊ သားဖွားနှင့် မီးယပ်ရောဂါများကို ကျွမ်းကျင်ဆရာဝန်ကြီးများက အခမဲ့ ကုသပေးလျက် ရှိကြောင်းသိရသည်။


အဆိုပါ ဆေးခန်းသို့ ဆေးဝါးနှင့် အလှူငွေများ လှူဒါန်းလိုပါက ဥက္ကဋ္ဌ ဦးကျော်မြင့် (ဂန္ဓမာစာသင်ဝိုင်း) ဖုန်း-၀၉၂၅၀၄၉၅၀၂၁၊ အတွင်းရေးမှူး ဒေါ်မိုးမိုး(ချစ်ဝိုင်းရေခဲမုန့်) ဖုန်း-၀၉၂၅၄၉၈၂၅၁၂၊ တာဝန်ခံဦးနိုင်မိုး ဖုန်း-၀၉၂၅၉၂၅၉၇၀၆ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။


သတင်း - ဝေယျာမင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)