ရပ်စောက်မြိုနယ်ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်မြိုနယ်ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

 



MNP - ဩဂုတ်   ၃၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက်၌ စာရေး ဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် စာပေတန်ဖိုးစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်း က စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ စာအုပ်စာပေများအား မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းစုပေါင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် အတွေးအခေါ်များမျှဝေ၍ စာပေမှရရှိသော အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာရွှေမိုး (ရပ်စောက်)က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “စာပေတန်ဖိုး” စာအုပ်မှ စာပေတာဝန်၊  စာပေအလေးထား၊ ဘာသာစကားနှင့် စာဖတ်ကျင့်ပါ စသည့်ခေါင်းစဉ်းများ၌ ပါရှိသည့်အကြောင်း အရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက် လာကြသည့် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းကျောင်းသား၊ ကျောင်းသူများနှင့် စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၃)ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်း - ရဲထက်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)