ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး အသိပညာပေး ဟောပြောပွဲကျင်းပ



MNP - ဩဂုတ်   ၂၄


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်က‌‌လေး‌‌စောင့်‌‌ရှောင့်ရေးအသင်းတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောခြင်းကို အ.ထ.က (၁) ကျောင်း၌ ယမန်နေ့ နံနက်၁၁နာရီက ဟောပြောခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးဦးကျော်လွင်မှ သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး သဘာဝဘေးအန္တရာယ်အကြောင်း၊ ရေဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်များ ကြုံတွေ့လာရပါက ကျောင်းသူ/ ကျောင်းသားများ ဆောင်ရန်ရှောင်ရန် အချက်များဖြစ်သည့် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက်ပြုလုပ်ရန်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။


ဆက်လက်၍ လူမူဝန်ထမ်းဦးစီးဌာနဦးစီးမှူး ဦးမျိုးမင်း‌မောင်မှကလေးသူငယ်ဆိုင်ရာ အခွင့်အလမ်းများအ‌ကြောင်းများကို အသိပညာ‌ပေး ရှင်းလင်းပြောကြားခဲ့သည်။ ထိုအသိပညာဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသူ/ ကျောင်းသား (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းကြောင်း သိရသည်။


သတင်း - ထွန်းလင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)