မိုင်းခတ်မြို့နယ်၌ ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက် အကောင်(၁၀၀)ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခတ်မြို့နယ်၌ ဘိန်းအစားထိုး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက် အကောင်(၁၀၀)ထောက်ပံ့ပေးအပ်



MNP - သြဂုတ်   ၁


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် ဟိုလင်းကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသကြက်အကောင်(၁၀၀)ကို တာဝန်ရှိသူများက သွားရောက်ပေးအပ် ခဲ့သည်။


အဆိုပါပေးအပ်ပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မိုင်းခတ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသက်ဝင်းမောင်နှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ သွားရောက်၍ အိမ်ခြေ(၃၀)လူဦးရေ ၁၂၀ခန့်ရှိဟိုးလင်းကျေးရွာတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျေးရွာတာဝန်ရှိသူက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)