တောင်ဒဂုံ ၂၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို NLD အစွန်းရောက် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ဒဂုံ ၂၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို NLD အစွန်းရောက် အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်



MNP ၊ သြဂုတ်

ယနေ့ ၃ နာရီဝန်းကျင် အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၅)ရပ်ကွက်၊ ဇီဇဝါလမ်းနှင့် ဇီဇဝါ(၂)လမ်းထောင့်တွင် ရာအိမ်မှူး ဦးကျော်ကျော်နိုင် အား NLD အစွန်းရောက် အကြမ်းဖက်သမားများက  သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။

ရာအိမ်မှူး ဦးကျော်နိုင် (၄၆)နှစ် သည် (၃)ဘီးဘေးတွဲဆိုင်ကယ်ဖြင့် နေအိမ်မှ ထွက်ခွာ၍ ဇီဇဝါလမ်းအတိုင်း ကိုယ်တိုင်မောင်းနှင်နေစဉ် ဇီဇဝါလမ်းနှင့် ဇီဇဝါ(၂)လမ်းဆုံ အရောက်တွင် ဆိုင်ကယ်(၁)စီးဖြင့် NLD အစွန်းရောက် အကြမ်းဖက်သမား (၂)ဦးမှ သေနတ်ဖြင့် (၃)ချက် ပစ်ခတ်ခဲ့သဖြင့် ဦးကျော်နိုင် ၌ ရင်ညွန့် ရှပ်ထိ ဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ) ထိမှန်ရရှိခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ USA 380 AUTO ကျည်ခွံ (၁)ခုနှင့် ကျည်(၂)တောင့် တွေ့ရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ဦးကျော်နိုင် အား တောင်ဒဂုံဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

NLD အစွန်းရောက် အကြမ်းဖက်သမားများမှာ ဆိုင်ကယ်ဖြင့် ဆက်လက်မောင်းနှင်ထွက်ပြေးသွားသဖြင့် တရားခံဖမ်းဆီး ရမိရေး ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ရှာဖွေဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)