MNP - သြဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ပညာ့ဗိမာန်ခန်းမတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ အောင်ချက်အကောင်း ဆုံးကျောင်းများနှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပေးသော ဆရာ/မ များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို 20 ရက်နေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အိမ်မဲမြို့နယ် အ-ထ-က (၁)ကျောင်းမှ ဂုဏ်ထူးရကျောင်းသား/သူ များက ပညာရည်ချွန်ဆုနှင်းသဘင် သီချင်းသီဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးကဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီးအိမ်မဲမြို့နယ်အတွင်းရှိ အထက်တန်းကျောင်းများတွင် အောင်ချက်အကောင်းဆုံး ကျောင်း များဖြစ်သည့် အ-ထ-က ရွာသစ်၊ အ-ထ-က (၂)၊ အ-ထ-က (၁) ကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ)များ အနက် အောင်ချက်အကောင်းဆုံး ကျောင်းများဖြစ်သည့် အ-ထ-က (ခွဲ)ကန်ကုန်း၊ အ-ထ-က (ခွဲ)သရက် ကုန်း၊ အ-ထ-က (ခွဲ)တကော ၊ အ-ထ-က (ခွဲ) သပြေကွင်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီး များအားမြောင်းမြခရိုင်စီမံအုပ် ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ကဆုများ အသီးသီးချီးမြှင့်ပေးခဲ့သည်။
ယင်းနောက် အိမ်မဲမြို့နယ်အတွင်းကျောင်းများအသီးသီးမှ (၄)ဘာသာဂုဏ်ထူးရှင်(၂၁)ဦးနှင့် (၃)ဘာသာ ဂုဏ်ထူးရှင် (၁၅၇) ဦးတို့အား မြောင်းမြဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းနှင့် ခရိုင် အဆင့်ဌာနဆိုင်ရာအကြီး အကဲများနှင့်တာဝန်ရှိသူများကဆုများအသီးသီးချီးမြှင့်ပေးခဲ့သည်။
ထို့နောက်အ-ထ-က (၁)အိမ်မဲကျောင်းမှ ကျောင်းသား/သူလေးများက ပြည်ထောင်စုကြီးရဲ့ တို့မြန်မာ သီချင်း၊ အ-ထ-က (၂) ကျောင်းသား/သူ များက စည်းလုံးခြင်း အတွက်သီချင်း၊ အ-ထ-က (၂)ကျောင်း သား/သူ များက ဘက်စုံပညာကိုရည်တို့လှမ်းချီ သီချင်းများဖြင့်တေး သရုပ်ဖော်ဖျော်ဖြေ ခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီး ဆုပေးပွဲဖြစ်မြောက်ရေးအတွက်ကူညီပံပိုးခဲ့ကြသော မြို့နယ်အတွင်း အလှူရှင်များ ကိုယ်စား အလှူရှင်(၃)ဦးကို မြောင်းမြဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းက ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။
၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်(၂)ဘာသာဂုဏ်ထူး၊ (၁)ဘာသာဂုဏ်ထူးရရှိသော ကျောင်းသား/သူ များနှင့်ဂုဏ်ထူးရရှိအောင်သင်ကြားပေးခဲ့သည့်ဆရာ/မ များအား ဂုဏ်ပြု ဆုချီးမြှင့်ပွဲကို ညနေပိုင်းတွင် တာဝန်ရှိသူများကဆက်လက် ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၉)ခုမှ ဖြေဆိုသူ စာရင်းရှိ(၁၃၂၉)ဦး ၊ ဝင်ရောက်ဖြေဆိုသူ (၁၂၄၄)ဦးရှိပြီးအောင်မြင်သူ (၆၃၈)ဦးရှိကာ (၄)ဘာသာ ဂုဏ်ထူးရှင် (၂၁)ဦး၊(၃)ဘာ သာ ဂုဏ်ထူးရှင် (၁၅၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၉၅)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၁၆၈)ဦးနှင့်ရိုးရိုးအောင် မြင်သူ (၁၉၇)ဦးစုစုပေါင်း အောင်မြင်သူ (၆၃၈)ဦးရှိ၍ ရာခိုင်နှုန်းအားဖြင့် (၅၁.၂၉)ရှိကြောင်းနှင့် ခရိုင်ချုပ် အနေဖြင့်ဒုတိယရရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးမှသိရသည်။
သတင်း - ချစ်သက်လယ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment