ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)၊ ပင်းတယမြို့၊ စင်္ကြာရတနာစူဠာမုဏိ (ရွှေတိဂုံစေတီတော်ပုံစံတူ)ဘုရားကြီး၌ ဘုရားဖူးပြည်သူများပြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)၊ ပင်းတယမြို့၊ စင်္ကြာရတနာစူဠာမုဏိ (ရွှေတိဂုံစေတီတော်ပုံစံတူ)ဘုရားကြီး၌ ဘုရားဖူးပြည်သူများပြား



MNP - သြဂုတ်   ၁၂


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ၊ စင်္ကြာရတနာစူဠာမုဏိ (ရွှေတိဂုံစေတီတော်ပုံစံတူ)ဘုရားကြီးနှင့် စင်္ကြာတောင် ဘုန်းတော်ကြီး ကျောင်းသို့၊ ယမန်နေ့၊ ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)၌ ပင်းတယမြို့နှင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများရှိ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားများပြား လျက်ရှိကြောင်း တွေ့မြင်ရသည်။


အဆိုပါ စင်္ကြာတောင်ပေါ်ရှိ၊ စင်္ကြာရတနာစူဠာမုဏိ (ရွှေတိဂုံစေတီတော်ပုံစံတူ)ဘုရားကြီးသည် ပင်းတယမြို့အဝင်၊ တမဲကျေးရွာနှင့်ရေချမ်းစင်ကျေးရွာကြားတည်ရှိပြီး၊ အဝေးမှပင် ဖူးမြင်တွေ့နိုင်သည်။ စင်္ကြာတောင်ထိပ်အမည်ရသာသနာ့နယ်မြေတော်သည်ရှေးယခင်၊ ဘုန်းတော်ကြီးတစ်ပါး ရပ်တည်ကုသိုလ်ပြုမှုဖြင့် ဘုန်းတော်ကြီးကျောင်း ဖြစ်ပေါ်ခဲ့ပြီး၊ စင်္ကြာရတနာစူဠာမုဏိ (ရွှေတိဂုံစေတီတော်ပုံစံတူ)ဘုရားစေတီတော်ကြီးသည် ရှေးဟောင်းစေတီပုထိုးတော်များ၊ ဗုဒ္ဓရုပ်ပွားတော်ဘုရားများ၊ ရပ်နီးရပ်ဝေးအလှူရှင်များ၏ လှူဒါန်းမှုများဖြင့် ကျောင်းထိုင်ဆရာတော်မှဦးစီးကာ၊၂၀၂၁ ခုနှစ်က စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့်ရွှေထီးတော်တင်လှူပြီးစီးခဲ့ပြီး၊ ယခုအခါ  စင်္ကြာရတနာစူဠာမုဏိ (ရွှေတိဂုံစေတီတော်ပုံစံတူ)ဘုရားစေတီတော်ကြီး တည်ထားကိုးကွယ်ဖူးမြော်နေကြပြီဖြစ်သည်။


ပင်းတယမြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားကျေးရွာများရှိ၊ ဒေသနေ တိုင်းရင်းသားပြည်သူများက  ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)တွင် စင်္ကြာတောင်ဆရာတော်အား ဖူးမြှော်ကြည်ညိုကုသိုလ်ပြုပြီး၊ တောင်ထိပ်ပေါ်ရှိ ရွှေတိဂုံစေတီတော်ပုံစံတူ စင်္ကြာရတနာစူဠာမုဏိစေတီတော်ကြီးအား သွားရောက်ဖူးမြှော်ကုသိုလ်ပြု၊ ကြည်ညိုကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။


သတင်း - အေးအေးလတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)