ဘားအံမြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းနည်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းနည်း သင်တန်းဖွင့်လှစ်



MNP - ဩဂုတ်   ၂၄


ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းရေးသွင်းနည်းသင်တန်းကို ယနေ့မွန်းလွဲ (၁) နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


သင်တန်းဖွင့်ပွဲတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က အဖွင့်အမှာစကား ပြောကြားရာတွင် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေ အခန်း (၅) တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ လုပ်ငန်း တာဝန်များကို ပြဌာန်းထားပြီး ပုဒ်မ ၁၁ (က) ပါအတိုင်း ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ် ဖော်ထုတ်ရေး အဖွဲ့ဝင်များအနေဖြင့် လူကုန်ကူးမှုနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီ စုံစမ်းမေးခြင်းခြင်း၊ ဆင့်ခေါ်၍စစ်ဆေးခြင်း၊ လူကုန်ကူးမှုစိစစ် ဖော်ထုတ်သည့် မှတ်တမ်းပြုစုခြင်းများကို ဆောင်ရွက်ရမည်ဖြစ်သဖြင့်  မှတ်တမ်းများကို စနစ်တကျ မှန်ကန်စွာ ဖြည့်သွင်းရေးသားနိုင်ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


အဆိုပါသင်တန်းသို့  မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ ဘားအံမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး အဖွဲ့ဝင် (၅၀) ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှ (၂၄-၈-၂၀၂၂) ရက်နေ့မှ (၂၆-၈-၂၀၂၂) ရက်နေ့အထိ (၃) ရက်တာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အမှတ်(၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ဘားအံ) မှ သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)