သထုံခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်


MNP ၊ ဩဂုတ်   ၂၅

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကာ ယနေ့၊ မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဒေါ်ချိုချိုလွင်က သထုံမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အနေဖြင့် အဆင့်အလိုက် စီမံဆောင်ရွက်ထားရှိမှုများ၊ ဘေးမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ခြင်း၊ ဖြစ်ပွားနေစဉ် ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု၊ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ချိတ်ဆက်ကာ ကူညီထောက်ပံ့ပေးမှုများနှင့် အသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ သဘာဝဘေး ဇာတ်တိုက်လေ့ကျင့်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်မှု၊ ကယ်ဆယ်ရေးလုပ်ငန်းများ၌ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ သဘာဝဘေးဖြစ်ပွားပြီး နောက်ဆက်တွဲ သတိပြုသင့်သည်များ၊ ဘေးအန္တရာယ် အမျိုးမျိုးနှင့် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ စသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)