ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ အားကစားမြှင့်တင်ရေးနှင့် အောင်ပွဲရပြည်နယ် လက်ရွေးစင် ဂျူဒိုအသင်းအား ဂုဏ်ပြုကြိုဆိုနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ အားကစားမြှင့်တင်ရေးနှင့် အောင်ပွဲရပြည်နယ် လက်ရွေးစင် ဂျူဒိုအသင်းအား ဂုဏ်ပြုကြိုဆိုနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး



MNP - သြဂုတ်   ၁၈


ကချင်ပြည်နယ်၏ အားကစားမြှင့်တင်ရေးနှင့် အောင်ပွဲရ ပြည်နယ်လက်ရွေးစင် ဂျူဒိုအသင်းအား ဂုဏ်ပြုကြိုဆို နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြသည်။


ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အစိုးရလက်ထက်တွင် ကျန်းမာကြံ့ခိုင် သော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး အားကစားကဏ္ဍတိုးတက်မြှင့်မားရေးအတွက် အားပေး တိုက်တွန်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရလာဒ်အနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများတွင် တံခွန်စိုက်ဒိုင်းဆုများအပြင် အားကစားနည်းအလိုက် ဆုတံဆိပ် များကိုလည်း ဆွတ်ခူးရရှိခဲ့ပါ ကြောင်း၊ ထို့ကြောင့် ပြည်နယ်၏ အားကစားကဏ္ဍကို ယခုထက် ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ရရှိပြီး အောင်မြင်မှုများကိုလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး မိမိတို့အစိုးရအဖွဲ့အနေဖြင့် အားပေး တိုက်တွန်းဆောင်ရွက်နေသကဲ့သို့ ဌာနဆိုင်ရာများနှင့် အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများကလည်း ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုအားကစား ပြိုင်ပွဲတွင် မိမိတို့ပြည်နယ် လက်ရွေးစင်အသင်းအနေဖြင့် ရွှေ ၁၁ ခု၊ ငွေ ၇ ခု၊ ကြေး ၂ ခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဆုအပြင် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်ဆုများပါရရှိခဲ့သဖြင့် တံခွန် စိုက်ဒိုင်းဆု (၃)ခုစလုံးနှင့် အမျိုးသား/ အမျိုးသမီး အကောင်းဆုံးကစားသမားဆုများကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သည့်အတွက် စည်ကားခမ်းနားစွာ ကြိုဆိုနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း မှာကြား သည်။


ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြည်နယ်၏ အားကစားကဏ္ဍအလိုက် မြှင့်မားရေးအတွက် အစိုးရအဖွဲ့မှ အားပေးကူညီပံ့ပိုးဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အောင်မြင်မှု ရရှိခဲ့သည့် လက်ရွေး စင်ဂျူဒိုအသင်းအား ကြိုဆိုဂုဏ်ပြုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာ ကြသည့် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အားကစားကဏ္ဍမြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအမံများနှင့် အောင်ပွဲရဂျူဒိုအသင်းအား ကြိုဆိုဂုဏ်ပြုနိုင်ရေး အားဖြည့်ဆောင်ရွက် သွားမည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အမျိုးသမီး ဂေါက်သီးရိုက်အသင်း၊ အေရိုးဗစ်အသင်း၊ အမျိုးသမီးဘောလီဘောအသင်းတို့က တံခွန်စိုက်ဆုဖလားများကို ဆွတ်ခူးရရှိထားခဲ့ပြီး ယခုအောင်ပွဲရခဲ့သော ဂျူဒိုအသင်းအနေဖြင့် အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် ရွှေ ၄ ခု၊ ငွေ ၅ ခုဖြင့် အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသမီးအသင်းအနေဖြင့် ပြိုင်ပွဲတွင် ရွှေ ၇ ခု၊ ငွေ ၂ ခု၊ ကြေး ၂ ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုနှင့် စုစုပေါင်း ရွှေ ၁၁ ခု၊ ငွေ ၇ ခု၊ ကြေး ၂ ခုဖြင့် စုပေါင်းတံခွန်စိုက်ဆု စသည့် တံခွန်စိုက် ၃ ခုလုံးအပြင် အမျိုးသား/ အမျိုးသမီး အကောင်းဆုံးဆုများကိုလည်း ရရှိခဲ့သဖြင့် ပြည်နယ်၏ လက်ရွေးစင်အားကစားအသင်းများတွင် အအောင်မြင်ဆုံးသော အားကစားနည်းတစ်ခု အဖြစ်ရှိနေကြောင်း သိရ သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)