MNP ၊ ဩဂုတ် ၁၈
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန် ခရိုင်အထွေထွေ အုပ် ချုပ်ရေး ဦးစီး ဌာန ရုံး တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အတွက် သက်ဆိုင်ရာ အဖွဲ့ဝင်များအနေဖြင့် သဘာဝဘေး မဖြစ် ပေါ်မှီ ၊ ဖြစ် ပွားနေစဉ် ၊ ဖြစ်ပွားပြီး ကာလများအတွင်း ဆောင် ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံး ဖြစ် စေရေး နှင့် ဆိုးကျိုးများကို တတ်နိုင်သမျှ နည်း စေရေးအတွက် စနစ်တကျ ပူးပေါင်းဆောင် ရွက် လုပ် ဆောင် ကြရန် လိုအပ်ကြောင်း နှင့် အသိပညာ ပေး လုပ်ငန်း များကိုဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးပြော ကြား ခဲ့သည်။ ထို့နောက် တက်ရောက်လာသော ခရိုင် အဆင့် ဌာန ဆိုင်ရာများက မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန် များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိထိ ရောက် ရောက် တုံ့ပြန် ဆောင်ရွက် နိုင်ရေး ကြိုတင် ဆောင် ရွက် ထားရှိမှုများ ရှင်းလင်းပြောကြားခဲ့ပြီး လို အပ် သည် များ ကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ ပြန်လည် ပေါင်းစပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ကျော်စိန်၊ သက်လွင်စိုး
https://t.me/MyanmarNationalPost

No comments:
Post a Comment