တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်ခရိုင်ရှိ သံဃာတော်နှင့် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်ခရိုင်ရှိ သံဃာတော်နှင့် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်း

 






MNP - ဩဂုတ်  ၁၉


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်ခရိုင်အတွင်းရှိ သံဃာတော်နှင့် သီလရှင် (၂၅)ပါးနှင့် အထက်ရှိသော ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၂၆)ကျောင်းတို့ရှိ သံဃာတော်နှင့် သီလရှင်များအတွက် ဆွမ်း ဆန်တော်၊ ဆီနှင့်ပဲများကို ဆက်ကပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ရှေးဦးစွာ ဩဂုတ်လ (၁၈)ရက် ညနေပိုင်းက တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ  မြိတ်မြို့ မော်တောင်ကျောင်းတိုက် ဆရာတော်ထံ ဝန်ကြီးချုပ်ဦးမြတ်ကို သွားရောက် ဆက်ကပ်လှူဒါန်းခဲ့သည်။


လှူဒါန်းပွဲကို ကျောင်းတိုက်ရှိဆရာတော် သံဃာတော်များ၊ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ဝန်ကြီးများနှင့် ဧည့်ပရိသတ်အပေါင်းတို့က တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တနာရဒ မော်တောင်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဝန်ကြီးချုပ်က  လှူဘွယ်ပစ္စည်းနှင့် ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။


ထို့နောက် ဝန်ကြီးချုပ်က ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များအား သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လှူဒါန်းမှုအစုစုအတွက် ဧည့်ပရိသတ်အပေါင်းတို့က ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ လှူဒါန်းပွဲကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။


ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောကျောင်းပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ဆရာတော် သံဃာတော်များအား ကြည်ညိုခဲ့ကြပြီး ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများကို ဆက်ကပ်လှူဒါန်းသည်။


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်ခရိုင်ရှိ သံဃာတော်နှင့် သီလရှင်(၂၅)ပါးနှင့် အထက်ရှိသော မြိတ်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း(၁၈)ကျောင်းနှင့် သီလရှင်ကျောင်း(၄)ကျောင်း၊ ပုလောမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊ တနင်္သာရီမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း(၁)ကျောင်း စုစုပေါင်း ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း(၂၆)ကျောင်းတို့မှ သံဃာတော်နှင့် သီလရှင်(၁၁၂၆)ပါးတို့အတွက် သိန်း(၁၉၀)ကျော် တန်ဖိုးရှိ ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများကို ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)