မိုးအဆက်မပြတ်ရွာသွန်း ၍ ခရမ်းမြို့နယ်တွင် ကျေးရွာ /ရပ်ကွက်များအတွင်း ရေဝင်နစ်မြုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးအဆက်မပြတ်ရွာသွန်း ၍ ခရမ်းမြို့နယ်တွင် ကျေးရွာ /ရပ်ကွက်များအတွင်း ရေဝင်နစ်မြုပ်



MNP - သြဂုတ်   ၁၇ 


မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ခရမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ အနိမ့်ပိုင်းနေရာများတွင် ရေကြီးနစ်မြုပ်လျက်ရှိသည်ကို တွေ့ရသည်။


ယမန်နေ့ နံနက် ၉ နာရီ အချိန်မှ ယနေ့ ယနေံ နံနက် ၉ နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ တိုင်းထွာချက် များအရမိုးရေချိန် ( ၉.၁၄ )လက်မ ရှိပြီး ခရမ်းမြို့နယ် ပင်လယ်ကမ်းခြေနှင့်ထိစပ်လျက်ရှိသည့် ရေကျော်၊ ဘိုကလေး၊ အုန်းပင်၊ ပလူ၊ အောင်ချမ်းသာ၊ ဆင်မင်းအိုင်၊ ကင်မွန်းခြုံ၊ ဇီးဖြူပင် စသည်ကျေးရွာအုပ်စု (၈)အုပ်စုရှိ လူနေအိမ်၊ စာသင်ကျောင်း၊ လယ်ယာမြေ များအတွင်းသို့ ရေများဝင်ရောက်လျက်ရှိကြောင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးစီး၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ပါက ကူညီကယ်ဆယ်နိုင်ရေး စီစဉ်ထားရှိပြီး မြိုနယ်ရပ်ကွက်များအတွင်း ပြိုလဲသွားသည့် သစ်ပင်၊ သစ်ကိုင်းများအား မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ လိုက်လံ ရှင်းလင်းပေးခဲ့ပြီး လူ၊ တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။


အဆိုပါရေကြီးနစ်မြုပ်မှုနှင့် သစ်ပင်များလဲပြိုမှုများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲနှင့်တာဝန်ရှိသူများက ကွင်းဆင်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုမင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)