MNP - ဩဂုတ် ၁၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ယနေ့ နံနက်(၁)နာရီအချိန်ခန့်မှစ၍ နံနက်(၅)ခန့်အထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့တွင်းလမ်းတစ်လျှောက်ရေများ ပြည့်လျှံလျက်ရှိကာ ခြံစည်းရိုးအုတ်တံတိုင်းမှာ ပြိုလဲပျက်စီးသွားကြောင်း သိရသည်။
လေပြင်များတိုက်ခတ်မှုကြောင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ခြံစည်းရိုးအုတ်တံတိုင်းအရှည် ၂၅ ပေခန့်မှာ ပြိုလဲ ပျက်စီးသွားကြောင်း၊ ၎င်းအပြင် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ မြေနိမ့်ပိုင်းများတွင် လူနေအိမ်များ ရေလွှမ်းမိုးခြင်း၊ ဌာနဆိုင်ရာရုံးများ ရေဝင်ရောက် နစ်မြုပ်ခြင်းနှင့် မင်းပြင်ဝန်ထမ်းအိမ်ရာဝန်းတွင်လည်း ၃ ပေကျော်ခန့် ရေများမြင့်တက်လာပြီး ရေပြည့်ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့တွင် ယနေ့ နံနက် ၆ နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ မိုးရေချိန် ၄၉၉ မီလီမီတာ၊ ၁၉.၆၅ လက်မရှိကာ မိုးရေချိန်မှာ ၅၈ နှစ်အတွင်း စံချိန်သစ်တင်ကြောင်း ကျောက်ဖြူမြို့နယ် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment