မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၅) မြို့နယ် အမျိုးသား/ သမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၅) မြို့နယ် အမျိုးသား/ သမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်

 








MNP - ဩဂုတ်   ၁၇


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၅) မြို့နယ် အမျိုးသား/ သမီး စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၄ နာရီအချိန်က မကွေးခရိုင် မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က အမှာစကား ပြောကြားရာ ယနေ့လူငယ်များအပေါ် အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်သော မူးယစ်ဆေးဝါး ပြဿနာများ၊ နည်းပညာ တိုးတက်ပြောင်းလဲလာသည့်နှင့် အမျှလူငယ်လူရွယ်များအတွက် လမ်းကြောင်းမှားပေါ်ရောက်သွားနိုင်သော အခြေအနေများစွာရှိသည့်အတွက် လူငယ်လူရွယ်များ အားကစားဘက်တွင် စိတ်ပါဝင်စားလာပြီး အားကစားလှုပ်ရှားမှုများပြုလုပ်ခြင်း၊ အားကစား ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ပါက လူငယ်လူရွယ်များ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်ခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာတာကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြင့်မားလာစေရန်၊ အားကစာလှုပ်ရှားမှုများပြုလုပ်၍ စုပေါင်းလှုပ်ရှားတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်၊ မြို့နယ်အသီးသီးမှ ရွက်ပုန်းသီး အားကစားသမားများ တိုင်းဒေသကြီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စေခြင်းဖြင့် လူငယ်များအား အရည်အချင်း ပြည့်ဝသောလူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပြုစုပျိုးထောင်ပြီး အားကစားမှတဆင့် တိုင်းဒေသကြီးဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ စားပွဲတင်တင်းနစ် အားကစားနည်းဟာ တစ်ဦးချင်း ယှဉ်ပြိုင်ရသည့် အားကစားနည်း ဖြစ်သည့်အတွက် တစ်ဦးကောင်း၊ တစ်ယောက် ကောင်း၊ ကြိုးစားအားထုတ်ပြီး ဖြတ်ထိုးဉာဏ်နှင့် လျှင်မြန်သွက်လက်မှုတို့ကို ပေါင်းစပ်ပြီး ယှဉ်ပြိုင်ရသလို တစ်ဦးထက်ပို၍ အုပ်စုဖွဲ့ကစားရသည့် အားကစားနည်းလည်း ဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦးချိတ်ဆက်ပြီး အပေးအယူမိမိ ကစားရသည့် အားကစားနည်းလည်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွက်ဆို၍ မကွေးမြို့နယ်အသင်းနှင့် တောင်တွင်းကြီးမြို့နယ်အသင်းတို့က အသီးသီးယှဉ်ပြိုင်ကစားခဲ့ရာ တောင်တွင်းကြီးမြို့နယ်အသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။


သတင်း - ကိုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)