မင်္ဂလာဒုံမြို့နယ်အတွင်းတွင် ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စုများအား ရေလွတ်ရာသို့ပြောင်းရွှေ့ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာဒုံမြို့နယ်အတွင်းတွင် ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စုများအား ရေလွတ်ရာသို့ပြောင်းရွှေ့ပေး



MNP - သြဂုတ်   ၁၇


ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်တွင်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက် (၈)နာရီ (၄၅)မိနစ်အချိန်ခန့်မှစ၍ ပေါက်ကုန်းရပ်ကွက်၊ အပိုင်(၁၁)နှင့် (၁၇) အတွင်းရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ကာ အမြင့်ပေ (၃)ပေခန့် မိုးရေပြည့်လျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။


ရေကြီးရေလျှံမှုကြောင့် ပေါက်ကုန်းရပ်ကွက်၊ အပိုင်(၁၁)နှင့် (၁၇)အတွင်းရှိ အိမ်ထောင်စု (၅၂၀)မှ လူဦးရေ (၈၀၀၀)ခန့်တို့သည် ရေလွတ်ရာသို့ ပြောင်းရွှေ့လျက်ရှိကြောင်း သိရသည်။


အဆိုပါ ပြောင်းရွှေ့နေထိုင်သူများအား အပိုင်(၁၁)ရှိ အေးမေတ္တာဘုန်းတော်ကြီးကျောင်းနှင့် ဇိနအောင်သုခဘုန်းတော်ကြီးကျောင်းများသို့ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပြောင်းရွှေ့နေရာချထား ပေးလျက်ရှိကြောင်းနှင့် ရေကြီးရေလျှံသည့် အိမ်ထောင်စုများအား လူမှုရေးအသင်းအဖွဲ့များမှ ထမင်းထုပ်များ ဝေငှပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)