ချောင်းဆုံမြို့နယ် ကရင်ဝင်းစိန်ကျေးရွာတွင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဆုံမြို့နယ် ကရင်ဝင်းစိန်ကျေးရွာတွင် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားပြုလုပ်



MNP - ဩဂုတ်   ၂၄


မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကရင်ဝင်းစိန်ကျေးရွာ၊ ကရင်စာပေခန်းမ၌ ဩဂုတ်လ ၂၄ ရက် (၈)နာရီခွဲ အချိန်က ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ကရင်အမျိုးသားသီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး တောင်ပေါ်ကျောင်း သဘာပတိ ဆရာတော် ဥူးဝိမာလမှ အဖွင့်အမှာစကားမြွတ်ကြားခဲ့ကာ မွန်ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခင်မောင်ဦးမှ နှုတ်ခွန်းစကားပြောကြားခဲ့ကြောင်း၊ ယင်းနောက်ကရင်ရိုးရာ ချည်ဖြူ မင်္ဂလာသမိုင်းဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား မွန်ပြည်နယ်၊ ကရင်စာပေနှင့် ယဉ်ကျေးမှု သဘာပတိ ဆရာတော် ဥူးကောသလမှ ရှင်းလင်းတင်ပြခဲ့ပြီး မွန်ပြည်နယ်တိုင်းရင်း သားရေးရာဝန်ကြီး ဦးခင်မောင်ဦးမှ ကရင်ရိုးရာချည်ဖြူ မင်္ဂလာအခမ်းအနားများ ကျင်းပနိုင်ရန်အတွက် ရန်ပုံငွေ ကျပ်သိန်း(၂၀၀)အား ပေးအပ်ခဲ့သည်။


ထို့နောက်မွန်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောအောင်ကျော်သိန်းမှ မွန်ပြည်နယ်အစိုးရအဖွဲ့အား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ ဦးစောအောင် ကျော်သိန်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း၊ ဆက်လက်၍ ကရင်ရိုးရာ အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ပြီး အခမ်းနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ မွန်ပြည်နယ်၊ ကရင်စာပေနှင့်ယဉ်ကျေးမှု သဘာပတိ မော်လမြိုင်၊ အတုလရန်အောင်ကျောင်းတိုက်ဆရာတော် ဥူးကောသလ တောင်ပေါ်ကျောင်း သဘာပတိဆရာတော် ဥူးဝိမာလ၊ မွန်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောအောင်ကျော်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ  တက်ရောက်ခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)