
MNP - သြဂုတ် ၂၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၅/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်သည်။
တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံဟာ စိုက်ပျိုးထုတ်လုပ်မှုစရိတ် နည်းပါးခြင်း၊ အပျက်အစီးနည်းခြင်း အထွက်နှုန်းနှင့် တစ်ဧက ဆီထွက်နှုန်းကောင်းခြင်းတို့ကြောင့် နေကြာသီးနှံအား တိုးချဲ့စိုက်ပျိုးလျက်ရှိရာ မိုးနေကြာလျာထားချက် ပြည့်မီအောင် စိုက်ပျိုးရန် ရက်အနည်းငယ်သာ ကျန်ရှိတော့အဖြင့် သီးသန့် သီးညှပ်စိုက်မည့် ဧရိယာအားလုံး သြဂုတ်လနှင့် စက်တင်ဘာလအတွင်း စိုက်ပျိုးပြီးစီးနှိုင်ရေး တွန်းအားပေး ကြပ်မတ်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ မိုးနေကြာ စိုက်ပျိုးမှုနှင့်ပတ်သက်၍ မိုးဦးတွင် တွေ့ကြုံရသည့် ပြဿနာများကို သင်ခန်းစာယူပြီး မိုးလယ်တွင် မဖြစ်စေရေးအထူးသတိပြု ကြပ်မတ်ဆောင်ရွက်ကြဖို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ကဏ္ဍအနေဖြင့် စိုက်ပျိုးရေရရှိရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး၊ ပိုးမွှားကျရောက်မှုအန္တရာယ် ကာကွယ်ရေးနှင့် နွေစပါးစိုက်တောင်သူများ ယူရီးယားဓာတ်မြေဩဇာများ ပံ့ပိုးပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ကြဖို့၊ မိုးနှောင်းဝါ သတ်မှတ်အထွက်နှုန်း ရရှိရန်အတွက် မျိုးကောင်း မျိုးသန့် သုံးစွဲနိုင်ရေး၊ မြေသြဇာစနစ်တကျသုံးစွဲရေး၊ တစ်ဧကမှာရှိရမည့် အပင်အရေအတွက် ပြည့်မီရေး ဝန်ထမ်းများမှ အောက်ခြေအထိ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ရန်လည်းလိုအပ်ပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဓိက ကြုံတွေ့နေရသည့် အခက်အခဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီထောက်ပံ့ပေးရမည့်အရာများနှင့် ပတ်သက်၍ အချိန်မီတင်ပြပေးနိုင်ရေး ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း စသည်ဖြင့် မှာကြားဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူးက တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁၄/၂၀၂၂) ဆုံးဖြတ်ချက်များအား ဖတ်ကြားရှင်းလင်းတင်ပြခဲ့ပြီး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူးတို့က မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ရှင်လင်းတင်ပြဆွေးနွေးမှုများနှင့် တိုင်းဒေသကြီးအတွင်းမှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် တက်ရောက်လာသူများ၏ အထွေထွေ ဆွေးနွေးတင်ပြ ဆောင်ရွက်ခဲ့မှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - မောင်ညီညာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment