MNP - သြဂုတ် ၃၀
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က အဆိုပါသင်တန်းကျောင်းရှိ အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ကျန်စစ်သားအသင်းနှင့် အနော်ရထားအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျနေ၍ ပင်နယ်လ်တီဖြင့် အဆုံးအဖြတ်ကန်သွင်းကြရာ အနော်ရထားအသင်းက ကျန်စစ်သားအသင်းအား ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ ဗိုလ်ဆွဲခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက မိုးရာသီဘောလုံးပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမရရှိသည့် အနော်ရထားအသင်း၊ ဒုတိယရရှိသည့် ကျန်စစ်သားအသင်း၊ တတိယရရှိခဲ့သည့် နဝဒေးအသင်းနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် သမ္ဘူလအသင်း ၊ ဒုတိယရရှိသည့် အမရာအသင်း၊ တတိယရရှိသည့် ကိန္နရီအသင်းတို့အား ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ယင်းနောက် ညွှန်ကြားရေးမှူး (စီမံ)နှင့် ညွှန်ကြားရေးမှူး ဦးအောင်မျိုးကျော် (သလရ) တို့က နေရာအလိုက် အကောင်းဆုံးဆုများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ဒိုင်းများနှင့် ပွဲကြေငြာသူတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - သိန်းမြင့်ကျော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment