မိုးညှင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်သင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးညှင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်သင်တန်းဆင်းပွဲကျင်းပ



MNP - ဩဂုတ်   ၃၀


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက် အကူပြု ဆိုင်ကယ်ပြုပြင်သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီခွဲက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


သင်တန်းဆင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က ယခုသင်တန်းဆင်းပြီးပါက အသိပညာ၊ အတတ်ပညာရပ်များကို တစ်ခု၊ နှစ်ခုပိုတိုးပြီး သိသွားတတ်သွားပါက ဌာနအနေဖြင့်လည်း သင်တန်းပို့ချရ ကျိုးနပ်ပါကြောင်း၊ သင်တန်းသားများကလည်း သင်တန်းတက်ရောက် အောင်မြင်ကြ၍ သင်တန်းက ပို့ချပေး လိုက်သည့် ဘာသာရပ်များကို အသုံးချပြီး တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းမှ တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်နိုင်ပါစေလိုကြောင်း ပြောကြားခဲ့ သည်။


ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းတွင် တက်ရောက်ခဲ့ကြသည့် သင်တန်းသား(၂၅)ဦးကို တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး ဆိုင်ကယ်ပြုပြင်ရာတွင် အထောက်အကူဖြစ်စေမည့် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။


ယင်းနောက် သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားတစ်ဦးကို ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ပြီး သင်တန်းသားအားလုံးကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း၊ ထိုသင်တန်း ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေကျပ် သိန်း(၃၀)ဖြင့် ဩဂုတ်လ(၁၅)ရက်နေ့မှ (၂၉)ရက်နေ့ထိ (၁၅)ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပြီး မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာမှ သင်တန်းသား (၂၅)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။


သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)