နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်းဇေယျာသီရိမြို့နယ်အတွင်းရှိအသေးစားမျှစ်ချဉ် လုပ်ငန်းလုပ်ကိုင်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်းဇေယျာသီရိမြို့နယ်အတွင်းရှိအသေးစားမျှစ်ချဉ် လုပ်ငန်းလုပ်ကိုင်သူများနှင့်တွေ့ဆုံ

 



MNP - ဩဂုတ်   ၃၀


နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် နေပြည်တော်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်မိုးမိုးအေး၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးခင်မောင်ဆွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ အသေးစားမျှစ်ချဉ်လုပ်ငန်း လုပ်ကိုင်သူများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ခေတ်အေးကျေးရွာအုပ်စု၊ တဲကုန်းကျေးရွာရှိ မျှစ်ချဉ်လုပ်ငန်းရှင် ဦးခင်မောင်ဝင်း၏ နေအိမ်၌တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မိမိအနေဖြင့် ဒေသခံလုပ်ငန်းရှင်များဖွံ့ဖြိုးတိုးတက်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မျှစ်ချဉ် ထုတ်လုပ်မှုလုပ်ငန်းတွင် ကုန်ကြမ်းမှကုန်ချော ထုတ်လုပ်ရောင်းချနိုင်ပြီး ဒေသခံလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မျှစ်/ဝါးထုတ်လုပ်မှုမှ ဝင်ငွေရရှိပြီး တစ်ဦးချင်းဝင်ငွေမှ မိသားစုဝင်ငွေတိုးပွားလာမည်ဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းလိုအပ်ချက်များကို ပွင့်ပွင့် လင်းလင်း တင်ပြတောင်းခံစေလိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် တင်ပြတောင်းခံနိုင်မှသာ မိမိအနေဖြင့် သက်ဆိုင်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ချိတ်ဆက်ပြီး လိုအပ်သည်များဖြည့် ဆည်းနိုင်မှာဖြစ်ပါကြောင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ခေတ်အေးကျေးရွာအုပ်စုမှ မျှစ်ချဉ်လုပ်ငန်းရှင်များက ကုန်ကြမ်းမှကုန်ချောထုတ်လုပ်နိုင်ရေးနည်း ပညာလိုအပ်ချက်များ၊ ဈေးကွက်ရှာဖွေရေးအခြေအနေများ၊ ဝါးမှ လက်မှုပစ္စည်းများနှင့် စားသောက်ကုန်တိုးချဲ့ထုတ်လုပ်နိုင်ရေးအခြေအနေများကိုတင်ပြရာ နေပြည်တော်ကောင် စီအဖွဲ့ဝင်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက မျှစ်ချဉ်လုပ်ငန်းလုပ်ကိုင်နေမှု အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


သတင်း - ဦးအေးလင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)