ရခိုင်ပြည်နယ်အတွင်း ရုပ်ရှင်ရုံများ ဖွင့်လှစ်အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ရုပ်ရှင်ရုံများ ဖွင့်လှစ်အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP - သြဂုတ်  ၁၈


ရခိုင်ပြည်နယ်အတွင်း ရုပ်ရှင်ရုံများ ဖွင့်လှစ်အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ရုပ်ရှင်ရုံလုပ်ငန်း လုပ်ကိုင်နေသူများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လယ် ၂ နာရီက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့ရုပ်ရှင်ကဏ္ဍ မြင့်မားတိုးတက်ရေးနှင့် ရုပ်ရှင်ရုံများ တည်ဆောက်ပြသနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ ရောင်းချခဲ့သည့်စာချုပ်ပါစည်းကမ်းအရ ရုပ်ရှင်ရုံလုပ်ငန်း ဆောင်ရွက်ရမည့် ရုံ (၅)ရုံ ပါဝင်ကြောင်း၊ အဆိုပါရုပ်ရှင်ရုံများအား ဖွင့်လှစ်အကောင်အထည် ဖော်နိုင်ရန်နှင့် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးနိုင်ရန်  ညှိနှိုင်းအစည်းအဝေး ခေါ်ယူကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် ရခိုင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်းက ရုပ်ရှင်ရုံများ တည်ဆောက်ဖွင့်လှစ်န်ုင်ရန် ဆောင်ရွက်ရမည့် အချိန်ကာလသတ်မှတ်ချက်၊ ဆောင်ရွက်ရမည့်ပုံစံနှင့် စည်းကမ်းသတ်မှတ်ချက်များကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ရုပ်ရှင်ရုံလုပ်ငန်း လုပ်ကိုင်သူများက ရုပ်ရှင်ရုံများ ဖွင့်လှစ်ပြသနိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြခဲ့ကြသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ စစ်တွေ၊ မောင်တော၊ ကျောက်ဖြူခရိုင်တို့မှ ရုပ်ရှင်ရုံလုပ်ငန်းလုပ်ကိုင်သူများ တက်ရောက်ခဲ့ကြပြီး၊ မောင်တော၊ ကျောက်ဖြူနှင့်သံတွဲခရိုင်များမှ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးများက Virtual စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)